နေသာမယ်ထင်ရင် ကျွန်တော့်ရင်ဘတ်ပေါ် နှင်းဆီတစ်ခင်းလောက်တက်စိုက်လို မမမွန်အတွက်ဆို ကျွန်တော်ချင်းချင်းနီအောင်ပွင် တစ်ခုပဲ တစ်ခုပါပဲ ဖွဖွလေးတော့ကိုင်ပါမမမွန် အချပ်လိုက်ကြွေကျမှာကိုကျွန်တော ကျွန်တော့်ကြောင့် မမမွန်လက်ဖ၀ါးလေး သွေးခြေဥသွားမှာကိုပဲစိုးတယ် တကယ်ပါမမမွန် အဖန်ငါးရာငါးကမ္ဘာဆိုရင်တောင် အဲဒီအပြုံးလေးတစ်ဝက်တည်းနဲ့  ဒီကောင် သစ္စာ ကိုယ့်နှလုံးသားကိုယ်သတ်ပြီး ပျော်ပျော်ကြီးဆက်ငေးရဲပါတယ် ချစ်မြတ်ငတ်မွတ်စွာပေါ့ မမမွန်။ ။ သစ္စာမင်းအိမ် ၂၀၊၅၊၂၀၁၃ |
Saturday, June 1, 2013
မမမွန်(၂)
မမမွန် (၁)
အဖွင့်မျက်တောင်လေးပုတ်ခတ်ပုတ်ခ တ်နဲ့
အလွမ်းဆိုတဲ့စာသားတွေချည်း
ဟောဒီရင်တစ်အုပ်လုံးပြည့်အောင်
ချရေးတော့မလို့လား မမမွန်
ဓားနဲ့ခတ်မှပွင့်မယ့်ပန်းကို
မျက်ရည်နဲ့စမ်းချင်နေတဲ့အရူးလို
ကျွန်တော့်အိပ်မက်တွေက
အစိမ်းမြေမှာခြေရာချချင်တုန်း
မမမွန်ရယ်
ဝါးလက်စပီကေတစ်ခုလို
မထွေးနိုင်မမျိုနိုင်သံယောဇဉ်လေးနဲ့တော့
ကျွန်တော့်ကို မျှင်းပြီးအရသာမခံပါနဲ့
ကိုယ့်ကိုယ်ကိုပူဖောင်းလုပ်ပြီး
မမမွန်နှုတ်ခမ်းပေါ်တင်ပေါက်ကွဲပြ လိုက်မယ်
တကယ်ပါမမမွန်
ဟောဒီကောင်အကြမ်းပတမ်းကြီးလည်း
မမမွန်ရဲ့တခစ်ခစ်အညှို့တွေမှာ
နူးညံ့စွာကြေကွဲတတ်ခဲ့ပါပြီ။ ။
သစ္စာမင်းအိမ်
မမမွန် (၃)
မမမွန် မမမွန် ကျွန်တော့်လျှာလေးသော့ဖျက်ပြီးလ သေတမ်းစာအသစ်များတွေ့ရမလားလို့ ဟုတ်ပါတယ် မမမွန် ကျွန်တော်က မမမွန်အရိပ်နဲ့တင်ပြာကျနေတဲ့ကော အကြည့်လေးတစ်ချက်မှာတင်သေမိန့်က တင်းတင်းစေ့မထားပါနဲ့ မမမွန်နှုတ်ခမ်းကတသွင်သွင်စီးလာမ သံစဉ်တိုင်းမှာ ကျွန်တော်ပျော်ဝင်ချင်ပါတယ် သိရဲ့လား မမမွန် အခုကျွန်တော်လေ မနက်ဖြန်ဆိုတဲ့ဓားဦးမှာ ဟင်းလင်းဖွင့်ထားတဲ့ရင်ဘတ်နဲ့ တစ်စုံတစ်ရာကိုမျှော်လင့်နေတတ်ြ သစ္စာမင်းအိမ် ၂၂၊၅၊၂၀၁၃ |
မမမွန်(၄)
ဒီလိုနဲ့ သူရူးတစ်ယောက်ရဲ့အိပ်ယာဟာ မျက်ရည်လေးရွှဲရွှဲ အိပ်ဆေးလေးနည်းနည်း အလွမ်းဖောက်ထုံးလေးကျဲကျဲနဲ့ လေတိုးတိုင်းမူးခဲ့ရပါပြီ မမမွန် သက်သာမယ်ဆိုရင် မမမွန်ဆိုတဲ့ဝေဒနာတွေ လက်ညှိုးထိုးပြီးအန်ပစ်ချင်တယ် အလှည့်အပြောင်းလုပ်စရာ ရင်ဘတ်အပိုလည်းမပါလေတော့ ဟောဒီအဟောင်းအနွမ်းလေးနဲ့ပဲ ခဲရာခဲဆစ်ကြေကွဲနေရတယ် ရှိပါစေ ရှိပါစေတော့လေ ပန်းထင်ပြီးပျိုးခဲ့ပေမယ့် အညွန့်ထွက်လာမှမီးမှန်းသိရတာမို့ စိတ်ကလေးညှော်နံ့ပြင်းတဲ့အထိ တိတ်တဆိတ်သစ္စာရှိပေးလိုက်ပါတယ် မရွယ်ဘဲရဲခဲ့တဲ့ကောင် သွက်သွက်ခါအောင်မင်းဖြစ်နေပါပြီ သစ္စာမင်းအိမ် ၂၃၊၅၊၂၀၁၃ |
မမမွန်(၅)
ဒီလိုနဲ့ပဲ ခရီးမမည်တဲ့ခရီးမှာ ကျွန်တော်လမ်းဆုံးရတော့မှာလား မမမွန် လှေကားတစ်ကွက်ခြားရုံနဲ့ မြွေစားခံလိုက်ရတဲ့ ကစားပွဲလို အိပ်မက်တွေကလိုရာနံပါတ်မှာ ဘယ်တော့မှမရပ်ဘူး အားနာတတ်မယ်ဆိုရင် ဟောဒီကောင်ကမ်းမမြင်လမ်းမမြင်အတ ကောက်ရိုးတစ်မျှင်ဖြစ်ပေးပါ မမမွန် မမမွန်နှလုံးသားလေးနူးပါစေတော့ရ ကျွန်တော်မျက်ရည်တွေလည်းရေခန်းခ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး မမမွန်ရယ် တောင်စွယ်နေကွယ်ရင်ဆိုတဲ့အမိန့် ကျွန်တော့်ဘ၀ကိုဝါးကူမထိုးပါနဲ့ ဒီကောင်က ခံနိုင်ရည်လေးတစ်ထွာတစ်မိုက်လော မမမွန်ဆိုတဲ့ချောက်ကမ်းပါးမှာ နောက်ပြန်လျှောက်ကြည့်မိနေတုန်း သစ္စာမင်းအိမ် ၂၉၊၅၊၂၀၁၃ |
မမမွန်(၆)
ကမ္ဘာမီးလောင်လို့ ဒီကောင့်ကိုချနင်းခဲ့တာလား မမမွန် ဆေးပတ်ပြည့်တာတောင် မသက်သာတဲ့လူနာလို အငိုဓာတ်နဲ့ထိန်းထားတဲ့စိတ်လေးက မမြင်ကွယ်ရာကိုရွေးပြီး တိတ်တဆိတ်အငွေ့ပျံနေရတုန်း မမမွန်ရယ် ဒီကောင်ကို နားလည်ပေးစမ်းပါ ဒီကောင်က ရင်ဘတ်အကန်းကြီးနဲ့ စမ်းတဝါးဝါးလွမ်းနေရသူပါ မမမွန် စာနာစမ်းပါ ဟောဒီကောင်က မမမွန်နှုတ်ခမ်းတစ်ချက်ဟတိုင်း သူ့တစ်ကိုယ်လုံးလွင့်ပါမြောက်တက ပိတ်လိုက်တဲ့အခါ အနက်ရှိုင်းဆုံးထိထိုးစိုက်ဆင်းသ နာကျင်ခံစားနေမိတဲ့သူပါ အဲလောက်...အဲလောက်ထိပါ မမမွန် အခုနားထဲ ဥသြဆွဲသံတွေကြားရတယ် ဘယ်လောက်မိုက်မဲလိုက်ပါသလဲ ဒီကောင်က... ဟောဒီကောင်က... မမမွန်မျက်ရည်တစ်ချက်ဝဲရုံနဲ့ ဆယ်ခါပြန်သေရဲပါတယ်တဲ့ ကြောက်စရာကောင်းလောက်တဲ့ဒီအစွဲက မမမွန်ရယ်... ကိုရီးယားဆန်ဆန် တေ့လွဲလွဲခိုင်းဦးမလို့လား မြန်မာဆန်ဆန်ပဲ ကြေကွဲလိုက်ပါတယ် မမမွန်...။ ။ သစ္စာမင်းအိမ် ၃၀၊၅၊၂၀၁၃ |
Wednesday, May 29, 2013
မောနေအောင်ရှာကြည့်တော့ ခေတ်ဟာ အပျက်အစီးတွေကြား အချက်ပြသံ တT T နဲ့
သူရဲကောင်းဖြစ်ဖို့ဆုတောင်းကာမှ ဗုံးနှစ်လုံးလက်မှာကိုင်ပြီး တိုက်ပွဲကြားမားမားကြီးရပ်နေရသလို
ကိုယ်စွမ်းဖို့ ကိုယ်စရတယ်ဆိုတာကိုယ်ထူလို့ ကိုယ်ထနိုင်ခြင်းပဲ
ဘ၀ကသံသေတယ်
ကိုယ်တို့ကတော့ ဘယ်အချိန်အောင်မယ်မှန်းမသိတဲ့ အဂ္ဂိရတ်ဆရာရဲ့ဖိုထဲကသိဒ္ဓိတင်ထားတဲ့ဓာတ်လုံးတွေ
ဒီလိုပဲထိုးကျွေးနေရတယ်
ကိုယ်တို့ contacts list ထဲမှာ အရေးကြီးဆိုတာထက် အရေးပေါ်ဖုန်းနံပါတ်တွေများများလာ
စက်ခေါင်းအသစ်တင်လိုက် ရှန်တိန်လုပ်လိုက်နဲ့မို့ ခရီးကပိုပိုဝေးနေရ
မနက်ဖြန်ဆိုတာကလည်း ဖဲဝိုင်းထဲကဆေးလိပ်တိုလို ဖွာလန်ကြဲလို့ မရွာတဲ့မိုးကမတိတ်တော့ဘူး
သရေကျရင်တောင် ကိုယ်ပဲထွက်ရမှာ အသိနဲ့ ချေပဂိုးသွင်းတော့ နောက်ဆုံးဝီစီသံကတိုက်တိုက်ဆိုင်ဆိုင်
ဟိုဘက်ကမ်းကမီးထိန်ထိန် ဒီဘက်ကမ်းကမီးထိန်ထိန် ကိုယ်တို့အိမ်လည်းမှောင်နေအောင်လင်းတယ်
သဘာဝကျကျဆွဲထားတဲ့ပန်းချီကား အမည်ကို ကျွန် လို့ပေးရမလား မွန်းတည့်ချိန်လို့ပေးရမလား
မဆိုချင်ဘဲဆိုနေရတဲ့သီချင်းပါကွာခေတ်လောက်တော့ အနာတိုင်းလှတယ်
ကျပ်ရလွန်းလို့အရစ်ပြုန်းသွားတဲ့စားဝတ်နေရေးကို အများသုံးအိမ်သာနဲ့မှားမှားတက်ကြလို့စည်းကမ်းရှိပါကပ်ထားရတာမောပြီ
စီးလိုက်ကြစို့ဆိုတော့လည်း ကိုယ်တို့ဟာ မြစ်လိုလို ချောင်းလိုလို လက်လုပ်ယာဉ်လိုလို
ဘယ်လိုထိုးထိုးအသာမရဘူး အနီထောင့်မှာခဏခဏပိတ်မိတယ်
ကိုယ်တို့မျက်နှာပေါ်ကအညိုအမည်းတွေဟာ ကိုယ်တို့နာမည်နောက်က ကွင်းစကွင်းပိတ်ပဲ
တံတွေးလေးဖ၀ါးပေါ်တင် လက်ဝါးစောင်းခုတ်ကြည့် လွင့်သွားတဲ့အရပ်မှာ ကိုယ်တို့သွားရှာကြမယ်
မှိုမရတောင် တရားတစ်ပုဒ်တော့သေချာမှာပါ
သဲလွန်စမကျန်အောင် ပိပိရိရိကြံစည်တတ်လို့ သွေးအေးသတ္တ၀ါစာရင်းထဲ ပွဲတင့်နေတဲ့ ဥာဏ်နီနဲ့ဥာဏ်နက်ညီအစ်ကိုများ
ဒီယုန်မမြင်သေးလို့ ဒီချုံထွင်ထားတာပါဆိုမှ တောခြောက်သံက ရေပက်မ၀င်အောင် ခပ်စိပ်စိပ်တိုးလာပြန်တယ်
ကိုယ်တို့သတိထားရမယ် ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် တွန်းရွှေ့ရမယ်
ဒါဟာအန္တရာယ်ဇုန်လို့ သတ်မှတ်ပြီးနောက်ပိုင်း ကိုယ်တို့ပြုပြင်ခွင့်မရတော့တဲ့ ကံကြမ္မာနဲ့သူ၏လက်နက်များပဲ
ကဲ ကဲ ညည်းနေကြာပါတယ် ဘယ်လား ညာလား ရွေး တည့်တည့်အပိတ်ခံထားရတယ်။ ။
သစ္စာမင်းအိမ်
၂၉၊၅၊၂၀၁၃
Subscribe to:
Posts (Atom)