ဒီလောက်မှောင်နေတဲ့အခန်းကြီးထဲ တစ်ယောက်လက်သည်းတစ်ယောက်မမြင်ကြတာ
အူယားစရာ စိမ့်တက်လာမှာပေါ့ ကျောမှမလုံတာ အဖာရာတွေမှမသေသပ်တာ
အမှိန်အဖျော့ပေါ်ကတစောင်းနေကိုယ်ထား အခွေအခေါက်မတတ်ရင်ခေတ်ကိုမှီထား
အသည်းပါးပါး အမြစ်ပါးပါး မြီးတိုဆိုတော့ အစာလည်းဆေး ဆေးလည်းအစာ
ကြေညက်အောင်မ၀ါးရင်တော့ အမလေး လေး လေး............အူယားတယ်ဟေ့။
အခင်းအကျင်းက
၂၁ရာစုနောက်ဘီးလေလျှော့ခံထားရတဲ့ပုံစံ နံရံမှာက
ပြည်တော်ပြန်လက်သီးလက်မောင်း အေဒီ၂၅၀၀လောက်ထိခရီးရောက်နေတဲ့စူးရှမှုတွေ
ရေပန်းဖွင့်သံ ၀ရန်တာ ဇကာကွက် တိတ်ဆိတ်မှုဟာ တစ်ကီလို ၁၅၀၀ အမလေး လေး
လေး............အူယားတယ်ဟေ့။
ဆိုလိုရင်းကနောက်စိကိုဗျူဟာမြောက်ကလိထိုးနေသလိုမျိုး စိန်ပန်းပင်မှာအရိပ်တွေခိုကပ်ဖက်တွယ်ထားသလိုမျိုး အဲလိုမြင်ကွင်းမျိုး
သက်မဲ့အဖွဲ့အစည်းတစ်ခုခုနဲ့လျှို့ဝှက်ဆက်သွယ်နေသလိုမျိုး
အဲလိုအတွင်းသတင်းမျိုး အကုန်လုံးချွတ်ပြီးမှ
မန်ကျည်းသီးရေစိမ်ပြဒါးရှင်လောင်းချနေသလိုမျိုး အီလက်ထရိုနဲ့
ငိုချင်းချနေသလိုမျိုး အဲလိုတေ့လွဲမျိုး မြစ်ထဲမျှောလိုက်တာတော့
ဟုတ်တယ် ဒါပေမယ့်ငါးတွေဆိုတာမျိုး လွှတ်လိုက် မိန်းကလေးကိုလွှတ်လိုက် ဆင်ဆာမလွတ်ဘူးဆိုတာမျိုး အဲလိုဥပမာမျိုး
စက်နဲ့ပေါက်တာလည်းနာချင်တယ် ဆိုတာမျိုး အဲလိုမက်ဆေ့မျိုး ။
ခေတ်ဟာရွေ့တယ်
အရွေ့မှာမှတ်တိုင်ထူတယ် ကိုယ်တိုင်ထဲထဲဝင်ဝင်ဖြူခါပြာခါကျကြည့်
ဆွဲဆန့်ရဒုက္ခ အရေပြားရဲ့တွန့်ခေါက်ပြတ်ရွေ့မှုအတိုင်း
အောက်ကလျှိုကြည့်လိုက်တော့ ဘ၀တွေ ဘ၀တွေ ခေါ်တိုင်းမအားကြတဲ့ဆက်သွယ်မှုတွေ
စုန်ပါများမှသိလာတယ်
ဆန်ပါများမှထိုးထွင်းလာတယ် ရောက်နေတဲ့အရပ်ကနေ သက္ကရာဇ်ပေါ်မေးတင်ကြည့်တော့
ဇီးဖြူသီးတွေ မြင်ရ ကြားရ အမလေး လေး လေး...............အူယားတယ်ဟေ့။
သစ္စာမင်းအိမ်
၃၊၅၊၂၀၁၃
No comments:
Post a Comment