Saturday, June 1, 2013

မမမွန်(၂)




နေသာမယ်ထင်ရင်


ကျွန်တော့်ရင်ဘတ်ပေါ် နှင်းဆီတစ်ခင်းလောက်တက်စိုက်လိုက်ပါမမမွန်

မမမွန်အတွက်ဆို

ကျွန်တော်ချင်းချင်းနီအောင်ပွင့်ပေးရဲပါတယ်


တစ်ခုပဲ


တစ်ခုပါပဲ


ဖွဖွလေးတော့ကိုင်ပါမမမွန်


အချပ်လိုက်ကြွေကျမှာကိုကျွန်တော်မကြောက်ပါဘူး


ကျွန်တော့်ကြောင့်


မမမွန်လက်ဖ၀ါးလေး သွေးခြေဥသွားမှာကိုပဲစိုးတယ်


တကယ်ပါမမမွန်


အဖန်ငါးရာငါးကမ္ဘာဆိုရင်တောင်


အဲဒီအပြုံးလေးတစ်ဝက်တည်းနဲ


ဒီကောင် သစ္စာ


ကိုယ့်နှလုံးသားကိုယ်သတ်ပြီး


ပျော်ပျော်ကြီးဆက်ငေးရဲပါတယ်


ချစ်မြတ်ငတ်မွတ်စွာပေါ့ မမမွန်။            ။

သစ္စာမင်းအိမ်
၂၀၊၅၊၂၀၁၃

No comments:

Post a Comment