မမမွန် (၁)
အဖွင့်မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့
အလွမ်းဆိုတဲ့စာသားတွေချည်း
ဟောဒီရင်တစ်အုပ်လုံးပြည့်အောင်
ချရေးတော့မလို့လား မမမွန်
ဓားနဲ့ခတ်မှပွင့်မယ့်ပန်းကို
မျက်ရည်နဲ့စမ်းချင်နေတဲ့အရူးလို
ကျွန်တော့်အိပ်မက်တွေက
အစိမ်းမြေမှာခြေရာချချင်တုန်း
မမမွန်ရယ်
ဝါးလက်စပီကေတစ်ခုလို
မထွေးနိုင်မမျိုနိုင်သံယောဇဉ်လေးနဲ့တော့
ကျွန်တော့်ကို မျှင်းပြီးအရသာမခံပါနဲ့
ကိုယ့်ကိုယ်ကိုပူဖောင်းလုပ်ပြီး
မမမွန်နှုတ်ခမ်းပေါ်တင်ပေါက်ကွဲပြလိုက်မယ်
တကယ်ပါမမမွန်
ဟောဒီကောင်အကြမ်းပတမ်းကြီးလည်း
မမမွန်ရဲ့တခစ်ခစ်အညှို့တွေမှာ
နူးညံ့စွာကြေကွဲတတ်ခဲ့ပါပြီ။ ။
သစ္စာမင်းအိမ်
No comments:
Post a Comment