ကမ္ဘာမီးလောင်လို့ ဒီကောင့်ကိုချနင်းခဲ့တာလား မမမွန် ဆေးပတ်ပြည့်တာတောင် မသက်သာတဲ့လူနာလို အငိုဓာတ်နဲ့ထိန်းထားတဲ့စိတ်လေးက မမြင်ကွယ်ရာကိုရွေးပြီး တိတ်တဆိတ်အငွေ့ပျံနေရတုန်း မမမွန်ရယ် ဒီကောင်ကို နားလည်ပေးစမ်းပါ ဒီကောင်က ရင်ဘတ်အကန်းကြီးနဲ့ စမ်းတဝါးဝါးလွမ်းနေရသူပါ မမမွန် စာနာစမ်းပါ ဟောဒီကောင်က မမမွန်နှုတ်ခမ်းတစ်ချက်ဟတိုင်း သူ့တစ်ကိုယ်လုံးလွင့်ပါမြောက်တက ပိတ်လိုက်တဲ့အခါ အနက်ရှိုင်းဆုံးထိထိုးစိုက်ဆင်းသ နာကျင်ခံစားနေမိတဲ့သူပါ အဲလောက်...အဲလောက်ထိပါ မမမွန် အခုနားထဲ ဥသြဆွဲသံတွေကြားရတယ် ဘယ်လောက်မိုက်မဲလိုက်ပါသလဲ ဒီကောင်က... ဟောဒီကောင်က... မမမွန်မျက်ရည်တစ်ချက်ဝဲရုံနဲ့ ဆယ်ခါပြန်သေရဲပါတယ်တဲ့ ကြောက်စရာကောင်းလောက်တဲ့ဒီအစွဲက မမမွန်ရယ်... ကိုရီးယားဆန်ဆန် တေ့လွဲလွဲခိုင်းဦးမလို့လား မြန်မာဆန်ဆန်ပဲ ကြေကွဲလိုက်ပါတယ် မမမွန်...။ ။ သစ္စာမင်းအိမ် ၃၀၊၅၊၂၀၁၃ |
Saturday, June 1, 2013
မမမွန်(၆)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment