Saturday, June 1, 2013

မမမွန်(၅)



ဒီလိုနဲ့ပဲ

ခရီးမမည်တဲ့ခရီးမှာ

ကျွန်တော်လမ်းဆုံးရတော့မှာလား မမမွန်

လှေကားတစ်ကွက်ခြားရုံနဲ့

မြွေစားခံလိုက်ရတဲ့ ကစားပွဲလို


အိပ်မက်တွေကလိုရာနံပါတ်မှာ


ဘယ်တော့မှမရပ်ဘူး


အားနာတတ်မယ်ဆိုရင်


ဟောဒီကောင်ကမ်းမမြင်လမ်းမမြင်အတွက်


ကောက်ရိုးတစ်မျှင်ဖြစ်ပေးပါ မမမွန်


မမမွန်နှလုံးသားလေးနူးပါစေတော့ရယ်လို့


ကျွန်တော်မျက်ရည်တွေလည်းရေခန်းချက်ခဲ့ပြီးပါပြီ


ကျေးဇူးပြုပြီး


ကျေးဇူးပြုပြီး မမမွန်ရယ်


တောင်စွယ်နေကွယ်ရင်ဆိုတဲ့အမိန့်မျိုးနဲ့တော့


ကျွန်တော့်ဘ၀ကိုဝါးကူမထိုးပါနဲ့


ဒီကောင်က


ခံနိုင်ရည်လေးတစ်ထွာတစ်မိုက်လောက်နဲ့


မမမွန်ဆိုတဲ့ချောက်ကမ်းပါးမှာ


နောက်ပြန်လျှောက်ကြည့်မိနေတုန်းမို့ပါ....။            ။

သစ္စာမင်းအိမ်
၂၉၊၅၊၂၀၁၃

No comments:

Post a Comment