Saturday, June 1, 2013

မမမွန်(၄)




ဒီလိုနဲ့


သူရူးတစ်ယောက်ရဲ့အိပ်ယာဟာ

မျက်ရည်လေးရွှဲရွှဲ

အိပ်ဆေးလေးနည်းနည်း


အလွမ်းဖောက်ထုံးလေးကျဲကျဲနဲ့


လေတိုးတိုင်းမူးခဲ့ရပါပြီ မမမွန်


သက်သာမယ်ဆိုရင်


မမမွန်ဆိုတဲ့ဝေဒနာတွေ


လက်ညှိုးထိုးပြီးအန်ပစ်ချင်တယ်


အလှည့်အပြောင်းလုပ်စရာ


ရင်ဘတ်အပိုလည်းမပါလေတော့


ဟောဒီအဟောင်းအနွမ်းလေးနဲ့ပဲ


ခဲရာခဲဆစ်ကြေကွဲနေရတယ်


ရှိပါစေ


ရှိပါစေတော့လေ


ပန်းထင်ပြီးပျိုးခဲ့ပေမယ့်


အညွန့်ထွက်လာမှမီးမှန်းသိရတာမို့

 
စိတ်ကလေးညှော်နံ့ပြင်းတဲ့အထိ


တိတ်တဆိတ်သစ္စာရှိပေးလိုက်ပါတယ်


မရွယ်ဘဲရဲခဲ့တဲ့ကောင်


သွက်သွက်ခါအောင်မင်းဖြစ်နေပါပြီ မမမွန်။               ။

သစ္စာမင်းအိမ်
၂၃၊၅၊၂၀၁၃

No comments:

Post a Comment