Monday, February 10, 2014

သားဦး သစ္စာ မကွေး

သားဦး သစ္စာ မကွေး
 


သားဦး သစ္စာဟာ စနေနေ့ညကို ကဗျာချသိမ်းတယ်

လက်ဆောင်အနေနဲ့ အာကြီးပွဲကို ပြန်ပေးလိုက်တယ်

သားဦး သစ္စာဟာ ပညာရှိဆိုတော့ အရက်ကို မှုတ်သောက်တာပေါ့

နတ်မောက်လမ်းမှာ ဒိုးလုံးနဲ့ စိုးလွင်လွင်ကို သွားဖမ်းနေတုန်း

မြန်မာဆိုတဲ့နာမည်ကြီး သုံးလုံးပျောက်သွားလို့တဲ့

သူပဲ တရားလို သူပဲ တရားခံ မှုခင်းမှာ

သားဦး သစ္စာဟာ သံသရာကို တောက်တခေါက်ခေါက်

ခေတ်ပေါ် ခေတ်ပြိုင် မကွဲပြားတဲ့ ခြေလှမ်းတွေနဲ့

သားဦး သစ္စာဟာ အိမ်ပြန်ချိန်ကို အိုးနင်းခွက်နင်း

ကျွန်းမကြီးကို မျှော်တယ်

တမာနံ့တွေကို ဆီထွက်အောင်ကြိတ်တယ်

ရီဝေရီဝေ ဆွေးရိနေတဲ့ သန်းခေါင်ကျော်မို့

သားဦး သစ္စာဟာ

မကွေးလို့ပဲ ပဲ့တင်ထပ်လိုက်ပါတယ်။ ။
 
 
သစ္စာမင်းအိမ်

No comments:

Post a Comment