Monday, February 10, 2014

အချစ်

အချစ်


ပန်းကို ပန်းနဲ့ ပွင့်ယူထားတဲ့ ရနံ့
မီးကို မီးနဲ့ မွှေးယူထားတဲ့ အလင်း
စိတ်ကို စိတ်နဲ့ ညှိယူထားတဲ့ တေးသွား
အစိပ်ကို အစိပ်နဲ့
အကွက်ကို အကွက်နဲ့ ပွတ်ယူထားတဲ့ အရသာ
လူ့အဖြစ်မှာ ဒီအရာတစ်ခုတော့ သေချာသွားချင်တယ်။ ။

သစ္စာမင်းအိမ်
၎၊၁၂၊၂၀၁၃
 

No comments:

Post a Comment