နှုတ်ဆက်ခြင်းမှာ ငါနဲ့မင်း (၂)
လက်ဖျစ်တစ်ခတ်စာ ကျောချင်းကပ်မှာ မျက်နှာချင်းဆိုင် ဝေးပြီးကတည်းက ကောင်းကင်ဆိုတာလည်း အရင်လိုမပြာတော့ပါဘူး တစ်ယောက်နှုတ်ခမ်းပေါ်ကမီးကို တစ်ယောက်လျှာနဲ့သတ်ငြိမ်းဖို့ လုံလောက်စွာ လွင့်စင်ခဲ့ကြပြီပဲ စိတ်ကိုကွေးယူပြီး ပြုံးပြလိုက်တဲ့အကြည့်မှာ နှစ်ယောက်တည်းကမ္ဘာဟာ ဆလင်ဒါဆန်ဆန်ကြေကွဲခြင်းတွေနဲ့ ခန်းလုံးပြည့် စိုရွှဲလို့ တစ်ယောက်ရေဒါမှာတစ်ယောက် ပြန်ဖမ်းမမိတော့သလိုမျိုး မိုးလင်းပေါက်ဖွာထွက်ခဲ့ပေါ့ အနာတရတွေ မျက်ရည်ယဉ်ကျေးမှုဆိုတာထက် အလင်းသဲ့သဲ့လမ်းဆုံလို့ပဲ ခေါင်းငုံ့လိုက်ပါရစေ လွဲချော်မှုကို မလွဲချော်ချင်တဲ့ စေတနာလေးသာ ဒီဘ၀မှာ သေချာခဲ့ရင် ဖေဖော်ဝါရီ ၁၄ ကိုပဲ တရားဝင်ရုံးပိတ်ပစ်ချင်တယ် တစ်သက်စာရင်းနှီးထားတဲ့ ဆိုင်းမဆင့်ဗုံမဆင့် ဒဏ်ရာများအတွက်။ ။ သစ္စာမင်းအိမ် ၈၊ ၁၊ ၂၀၁၄ |
No comments:
Post a Comment