သံယောဇဉ်ဆိုတဲ့passwordကိုချိန်းပစ်မယ်
ငါ့လူမှုကွန်ယက်မှာပိတ်မိနေတဲ့
စက္ကူငါးတွေလွှတ်ပစ်မယ်
တစ်သက်မှာတစ်ခါသာဝင်ဖူးတဲ့စိတ်ေ ကာင်းမျိုးနဲ့
မလွမ်းလောက်ပါဘူးကိုခေါင်းလောင်းထိုးလှူမယ်
ကမ္ဘာမြေရဲ့. ကမကထသွေးအေးမှုကို
ရှော့ခ်ရိုက်မယ် ချီးမွမ်းခန်းဖွင့်မယ်
ခပ်တည်တည်နဲ့
အကုသလကြီးရင်ဘတ်ထဲထည့်လွယ်ပြီး
ဆွမ်းခံရင်းငှက်သင့်မယ်
နှလုံးသားတွေနွေးထွေးရင်ဒါဟာလည်းအိမ်တဲ့
လာရာလမ်းမှာ အက်ဆစ်မိုးတွေ
သောင်းသောင်းဖြဖြရွာတဲ့အကြောင်း
မြို့လေးကိုအသိပေးရင်း
ရွှဲရွှဲစိုဆင်ခြေဆင်လက်တွေနဲ့
ဒီညကိုလည်းထုံးစံအတိုင်းမှောင်အတိချထား လိုက်တော့မယ်။ ။
သစ္စာမင်းအိမ်
ငါ့လူမှုကွန်ယက်မှာပိတ်မိနေတဲ့
စက္ကူငါးတွေလွှတ်ပစ်မယ်
တစ်သက်မှာတစ်ခါသာဝင်ဖူးတဲ့စိတ်ေ
မလွမ်းလောက်ပါဘူးကိုခေါင်းလောင်
ကမ္ဘာမြေရဲ့. ကမကထသွေးအေးမှုကို
ရှော့ခ်ရိုက်မယ် ချီးမွမ်းခန်းဖွင့်မယ်
ခပ်တည်တည်နဲ့
အကုသလကြီးရင်ဘတ်ထဲထည့်လွယ်ပြီး
ဆွမ်းခံရင်းငှက်သင့်မယ်
နှလုံးသားတွေနွေးထွေးရင်ဒါဟာလည်
လာရာလမ်းမှာ အက်ဆစ်မိုးတွေ
သောင်းသောင်းဖြဖြရွာတဲ့အကြောင်း
မြို့လေးကိုအသိပေးရင်း
ရွှဲရွှဲစိုဆင်ခြေဆင်လက်တွေနဲ့
ဒီညကိုလည်းထုံးစံအတိုင်းမှောင်အတိချထား
သစ္စာမင်းအိမ်
No comments:
Post a Comment