ခြောက်သွေ့နှုတ်ခမ်းလေးတွေ တစ်အိမ်တက်ဆင်းမိုးခေါ်ကြပြီ အိုးလွတ်ခွက်လွတ်ဆုတောင်းမှာ အလောင်းစည်သူမင်းဟာဖောင်တော်လှည ကန္တာတစပြင်ကိုဒုက္ခသစ္စာနဲ့ပဲညှို ကြာပန်းအဖုံဖုံပွင့်စေကြောင်းတရ ဒေ၀ဒတ်ရဲ့နောက်ဆုံးထွက်သက်ကို မေးထိုးဆပ်နေကြတဲ့ကြွေးခံတွေ ပွက်ပွက်ဆူသဲထဲ တောင်စဉ်မရခဲ့ တစ်ချက်ငင်လိုက်တဲ့အခါ ရှိုက်သံတစ်ထောင်ပါလာတယ် ငရဲကြီးရှစ်ထပ်ပါလာတယ် ဖျပ်ဖျပ်လူးဘ၀တွေပါလာတယ် ဘယ်ဂါထာပစ်ကျွေးရမလဲ အခုတော့ အရုပ်ကြိုးပြတ် သောကရီတစ်မနက်သက်မျှော်ခင်းထဲ အပူသည်ကဗျာကိုပဲ နှစ်ဖက်ခွဲပြီးလွန်ဆွဲခဲ့ကြရပေါ သစ္စာမင်းအိမ် ၄၊၅၊၂၀၁၃ နေပြည်တော်ရှိ ရေရှားမိသားစုများကို စာနာသောအားဖြင့် ရေးပါသည်။ |
Wednesday, May 15, 2013
ကုန်းနေငါး
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment