သွားကိုဝတဲ့အထိတိုက်မယ် ဖိနပ်ပြတ်လေးချုပ်မယ် အိပ်ကပ်ပါတဲ့အင်္ကျီရွေးဝတ်မယ် မန်းမြို့တော်ပေါက်စီစားမယ် ရက်လွန်နေတဲ့စာအုပ်တွေပြန်အပ်မယ နာရီဓာတ်ခဲလဲမယ် ဆံပင်ညှပ်မယ် ထူးအိမ်သင်လက်ရွေးစင်ခိုးကူးခွေ အားဆေးတစ်လုံးလောက်သွင်းမယ် ဘာကားတင်တင်ရုပ်ရှင်ကြည့်မယ် ရေခဲရေနှစ်ခွက်ဆင့်သောက်မယ် ကိုယ့်ကိုယ်ကိုယုံကြည်မှုပြန်မွေ ဘူဇွာမဆီဖုန်းဆက်မယ် ပိုက်ဆံရှိကြောင်းကြွားမယ် အထက်စီးကနေချည်းပြောမယ် စာအုပ်အဟောင်းဆိုင်သွားမွှေမယ် ငွေနဂါးဆေးပေါ့လိပ်ကိုအစည်းလိုက အငွေ့မပြတ်အောင်ဖွာမယ် ငါးရာတန်တစ်ရွက်အနုတ်ဖြတ်ပြီး စွယ်တော်ဘုရားကိုအားရပါးရလှူမယ်ဲ့ဖေဖေနဲ့မေမေကျန်းမာပါစေဆိုတဲ့ အလုပ်ရလို့ လစာထုတ်ရင် အဲဒါတွေအကုန်လုံး တစ်ခုချင်းလုပ်မယ် လို့ စိတ်ကူးယဉ်ထားတယ်။ ။ သစ္စာမင်းအိမ် ၇၊၅၊၂၀၁၃ |
Wednesday, May 15, 2013
အလုပ်ရလို့ လစာထုတ်ရင်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment