Monday, February 10, 2014

ကွမ်းတစ်ယာ ရေတစ်မှုတ် ပေါင်ပုတ် ကြောင်ရုပ်

ကွမ်းတစ်ယာ ရေတစ်မှုတ် ပေါင်ပုတ် ကြောင်ရုပ်

ကဲ စမယ်
လက်ဖျံမှာ ဆိုက်လင်ဇာတပ် မနက်ဖြန်ကို အတိအကျ မောင်းဖြုတ်ချလိုက်
ကလစ်!!!!!!!!!
ခေတ်တစ်ခု လဲကျ ကျည်ဆန်ဟာ မောက်စ်ကို တွန်းရွှေ့တယ်
ဘယ် ညာ  ဘယ် ဘယ် ဘယ် ကို ညာ အသားစတွေဖွာထွက် နှုတ်ခမ်းကိုသပ်
ဒါ ဘိုဟီးမီးယန်း မြို့ပြ ဂလိုဘယ်ဆိုက်ကိုယဉ်ကျေးမှု ထွန်းကားတဲ့ ရွာသာကြီး
စိတ်ကြိုက်error တွေနဲ့ unexpectedly removed ဖြစ်သွားတဲ့ လူမှုဆော့ဖ်ဝဲတွေ
နေ့စဉ်သုံးဝေါဟာရထဲ မူးယစ်ဆေးစွဲနေတဲ့ ကစဥ့်ကလျားစကားလုံးတွေထည့်ပေးလိုက်တယ်
မင်္ဂလာပါကမ္ဘာကြီး ခမ်းနားပါစေကမ္ဘာကြီး တောက်ပပါစေကမ္ဘာကြီး
မမွေးချင်တော့လို့ ဒီစစ်အိမ်ကို ၀ိုင်းဝန်းခြစ်ထုတ်ကြ ဒါပေမယ့် နေ့စေ့စေ့လ
ကလင်ဒါခွင်ကျ ထမင်းဆီဆမ်းကိုပဲ ရွှေလင်ပန်းလိုက် အိုခေ
မျိုးတုံးလု သွေးသားတွေဟာ အောင်ပြီလို့ လက်ခမောင်းခတ်ဖို့ ရက်ရက်စက်စက်ထုတ်လုပ်ခဲ့ပေါ့
အမြီးတန်းလန်းနဲ့ တစ်ကောင်တည်းသောသံတမန်............
ကလစ်!!!!!!!!!!
တတ်နိုင်သူများသာ ခွရန် သီးသန့်
အိုး ကလစ်ပါ လေဒီ အိုး ကလစ်ပါပဲရှင်
ညာ ကလစ်!!!!!!!!!
ထရေဂါဟာ ဂျမ်းဖြစ် ခေတ်ဟာ ဖုတ်ဖက်ခါထ ဇာတိမာန်တွေပြ ကလစ်!!!!!!!!!!
က လည်း လစ် မက လည်း လစ် ပျော်စရာကောင်းဖို့ က လစ် ကလစ်!!!!!!!!!!!
၂၀၁၄ ကို focus ပြတ်အောင်ချိန် အားလုံးရီဝေထား
တင်ဆက်ကြသူများ
ရိုက်မယ်
ငါး
လေး
သုံး
နှစ်
တစ်
ကလစ်!!!!!!!!!!!


သစ္စာမင်းအိမ်
၆၊ ၁၊ ၂၀၁၄

 

No comments:

Post a Comment