Monday, February 10, 2014

ဘယ်သူဘာပြောပြော ဒီစနေနေ့ညကို ငါစားတယ်

ဘယ်သူဘာပြောပြော ဒီစနေနေ့ညကို ငါစားတယ်
 
မန်စီးတီး လီဗာပူးနဲ့ အာကြီးကို လွှတ်ချလိုက်တယ်
ခွမ်းခနဲကျကွဲသွားတာက တနင်္ဂနွေယောင်ဆောင်ထားတဲ့ စနေ
အလိမ်ပေါ်သွားတော့
နှီးချက်က ရေတောင်းတယ်
အသေမစောချင်တာကြောင့်ဖြစ်မယ်
ကုသိုလ်တွေ နာမည်မပေါက်သေးဘူးမဟုတ်လား
ငွေချေပြီးမှတော့ ဘာမှလုပ်မရတော့ဘူး
ဖုန်းဝယ်တယ်ဆိုတာ
အရက်သမားလိုင်စင်ဝယ်သလိုမှမဟုတ်တာ
ကဗျာဆရာတွေ ကျွမ်းကျင်တယ်
အနှစ်နှစ်အလလဖြည့်လာခဲ့တဲ့ အမာရွတ်တွေကြောင့်
တက်တူးထိုးစရာမလိုပါဘူး
အဆင်ပြေရင် အားလုံးဖိုက်တာပဲ
ဂျမ်ဘိုနဲ့ ဂေါ်ဇီလာအကြောင်း ပြောကိုမပြောတော့ဘူး
ဒေါ်မြလေးဟာ အိမ်ထောင်မကျခင်ထိ အပျိုသေချာတယ် ခေတ်အရ
အခု မိန်းမငယ်တွေ မျက်ရည်ခံထိုးကြသလိုပေါ့
တစ်ခါလာလည်း ဒီဇာတ် နောက်တစ်ခါလည်း ဒီဇာတ်
ကြေကွဲလို့ကို မဆုံးနိုင်ဘူး
ငါတို့ကိုယ်တိုင် လူကြမ်းဖြစ်နေတဲ့ စင်ပေါ်မှာ
အဆိုတော်တစ်ယောက်ဟာပြေးလွှား
စာပေဟောပြောပွဲတစ်ခုကို အရသာမခံတတ်သလိုမျိုး
ပြည်ပန်းညိုဟင်းတစ်ခွက် ဆားဖျက်သွားသလိုမျိုး
မုန်တိုင်းတွေ ဈေးနှုန်းကစားတယ်
ခရိုနီတစ်ယောက်ရဲ့အိပ်ယာမှာ
နာမည်တွေ လာလာပြောင်းတဲ့မိန်းကလေး ပျော်ပါစေ
ဆုတောင်းဟာ ဒိုးလုံးမဆိုခင်ကတည်းက လူကြိုက်များနေတာ
ဟိုဖေ့စ်ဘွတ်ကာ ဟိုဟာလုပ်တုန်းက
ငါတို့ ၀ိုင်းဆဲကြသလို
မန်ယူကို ဆက်အားပေးကြတာပေါ့
မန်စီးတီး လီဗာပူးနဲ့ အာဆင်နယ်ကို တီဗွီမှာထားခဲ့
ပြီးတဲ့နောက်ပိုင်း စနေကို ငါတို့စိတ်ကြိုက် စားလို့ရပြီ။ ။

သစ္စာမင်းအိမ်

No comments:

Post a Comment