ကိုယ့်အာသာကိုယ်ဖြေတဲ့နေရာမှာ ဒီအသံအနက်ဆုံးပဲ
သစ် ကုန်ပြီ ပြောင်း လဲကုန်ပြီ ဒရက်ကူလာ
လက်မထိပ်အပ်စိုက်တူနဲ့ရိုက်ပြီး
နန်းခေါင်ခေါင် ထောင်ကြောင်နေအောင်တီးတယ် ထောင်ရောင်နေပတ်ပျိုးမဟုတ်ဘူး ဘီလူးဆိုင်း
ဘယ်အရပ်လဲ ဘယ်ဇာတ်လဲ လက်မှတ်မှာအစွယ်ရာတွေတွေ့တယ်
မရှင်တဲ့နာမည်ကို အရက်ပြန်စိမ်ထားတဲ့ဂွမ်းနဲ့ပွတ်
စကြာဝဠာဆီက မေးခွန်းနိမိတ်တွေနဲ့ ၀မ်းသာကြောင်းသ၀ဏ်လွှာပို့လိမ့်မ
မေးခွန်း(၁) အဆီအငေါ်မတည့်တဲ့ ဗျည်းနဲ့သရတွေ ဘယ်လိုရောသမမွှေခဲ့သလဲ
ငါ/မင်း/ဖို့/ကတိကဝတ်/အား/စေ/
မေးခွန်း(၂) နွေရာသီမို့အိုက်စပ်စပ် ဆင်ကြီးယပ်တောင် ခပ်/မခပ်
ဆင်တွေအရှက်အကြောက်ကြီးတယ် အရင် ဆင်တွေအရှက်ပိုကြီးရတယ် အခု
ကြောက်တရားကို ကျားတစ်ယောက်က ဖောက်ပြန်မိတ်လိုက်သွားပြီ
မေးခွန်း(၃) ရှင်ပြန်မယ့်နေ့/ ရှင်လိင်ပြန်မယ့်နေ့/ ရှင်လိမ်ပြန်မယ့်နေ့ ဆုံးမကွပ်ကောင်း/ မကွပ်ကောင်း
ဓမ္မဟာ အလာ့ဂျစ် လေပြီးတယ် စာပြီးတယ် ငရဲပြီးတယ် ပြီးမြောက်သူ
အိမ်သာသုံးစက္ကူမှာ မျက်မှန်ပြဲပြဲပါအောင်ထည့်ကြ မရှိဝမ်းစာ
ပါးစပ်ကအဖြူဆင်းရင် ၀ဋ် အင်္ကျီထူထူ ဆပ် စာရင်းရှိသလောက် ဖုန်း/ဖုံး
နောက်မျိုးဆက်တွေ စစ်တော့စစ်သား အမှုမှတ်မဲ့ တိရစ္ဆာန်ဥယျာဉ်
ပေါ်ပြီလား အတွင်းသား ရှက်စရာမဟုတ် ဒါ မိနေတဲ့ မှိုင်း/ မိုင်း
စားကွာပဲ့နေအောင် ပွန်း ဖျောက်တော့မယ်သတိ ဆက် ကွင်း သူမတူထူးချွန် အဆင့်(၁)
ဒီလက်ရည်နဲ့ သံသရာမှာကျွတ်အောင်ခုတ်ပေတော့ပဲ
ကျီးပေါင်းတက်လည်ပင်းတွေ ဒဏ်ကြေဆေးလူးထား အသင့်စောင့်နေတယ်
ချက် မမေ့မလျော့ သူသေကိုယ်သေတိုက်ကွက်တွေနဲ့ နောက်တစ်ပွဲအတွက်။ ။
သစ္စာမင်းအိမ်
၂၅၊၇၊၂၀၁၃
No comments:
Post a Comment