ချိုကျတစ်ခွက်ထဲ
ညဟာကန့်လန့်ကြီးပျော်ကျနေခဲ့တယ်
အခုထိ အထမမြောက်သေးတဲ့မနက်ဖြန်တွေနဲ့
သက်ပြင်းတွေသာ အားကောင်းမောင်းသန် ရောင်းပစ်နေရ
ကိုင်ထားတဲ့ဇွန်းနဲ့ခွက်ကို ကောက်မွှေလိုက်တော့
ဘာမှန်းမသိတဲ့အဓိပ္ပါယ်တွေက ၀ဲကတော့လို
ကျောသပ်ရင်သပ်ချော့မြှူလိုက်
ကျောသားရင်သားခွဲခြားလိုက်နဲ့
အရှိအတိုင်းဆိုတာထက်နက်နေတဲ့ ညလေ ။
အက်ဆစ်ထက်ပြင်းထန်မယ့်တိုက်စားမှုတစ်မျိုးက
အရိုးထဲစိမ့်နေအောင် ၀င်မွှေခဲ့ပေါ့
တရစ်ဝဲ၀ဲအာသာကို လျှာဖျားလေးနဲ့သဲ့ယူကြည့်ဖို့
ဘယ်နှုတ်ခမ်းပါးပေါ်တက် က္ကနြေ္ဒပျက်ရမလဲ
လက်ဆယ်ချောင်းနဲ့ပက်ထုတ်ပစ်တာတောင်
ဒီကာလာတွေ အရောင်မပြယ်သေးဘူး။
ကြယ်ကောက်သူရဲ့လမ်းမှာ
လမင်းဟာ ဆူးဖြစ်နေသလိုမျိုး
ခိုးရှိုက်တဲ့ရနံ့တောင်ထောင်ဖမ်း ခံလိုက်ရတော့
မျက်စိလည်သွားတဲ့အနမ်းတစ်ချက်မှာ
ညဟာ…
မနက်ဖြန်ထဲ ၀င်စားဖို့ဆုံးဖြတ်ချက်တွန့်ကြေ ခဲ့
ဆယ်ခါပြန်သေလို့ရမယ့်ဖော်မြူလာေ တွသာ
စီးကရက်ရှိုက်ဖွာတိုင်းအထွေးလိုက်ပြုတ်ကျလာတယ် ။
သစ္စာမင်းအိမ် ၊ ရတုသစ်
မှတ်ချက်။ ။လောကကြီးဆီမှဝါကျနှစ်ကြောင်း ငှားရမ်းသုံးစွဲထားသည် ။
ညဟာကန့်လန့်ကြီးပျော်ကျနေခဲ့တယ်
အခုထိ အထမမြောက်သေးတဲ့မနက်ဖြန်တွေနဲ့
သက်ပြင်းတွေသာ အားကောင်းမောင်းသန် ရောင်းပစ်နေရ
ကိုင်ထားတဲ့ဇွန်းနဲ့ခွက်ကို ကောက်မွှေလိုက်တော့
ဘာမှန်းမသိတဲ့အဓိပ္ပါယ်တွေက ၀ဲကတော့လို
ကျောသပ်ရင်သပ်ချော့မြှူလိုက်
ကျောသားရင်သားခွဲခြားလိုက်နဲ့
အရှိအတိုင်းဆိုတာထက်နက်နေတဲ့ ညလေ ။
အက်ဆစ်ထက်ပြင်းထန်မယ့်တိုက်စားမ
အရိုးထဲစိမ့်နေအောင် ၀င်မွှေခဲ့ပေါ့
တရစ်ဝဲ၀ဲအာသာကို လျှာဖျားလေးနဲ့သဲ့ယူကြည့်ဖို့
ဘယ်နှုတ်ခမ်းပါးပေါ်တက် က္ကနြေ္ဒပျက်ရမလဲ
လက်ဆယ်ချောင်းနဲ့ပက်ထုတ်ပစ်တာတေ
ဒီကာလာတွေ အရောင်မပြယ်သေးဘူး။
ကြယ်ကောက်သူရဲ့လမ်းမှာ
လမင်းဟာ ဆူးဖြစ်နေသလိုမျိုး
ခိုးရှိုက်တဲ့ရနံ့တောင်ထောင်ဖမ်း
မျက်စိလည်သွားတဲ့အနမ်းတစ်ချက်မှ
ညဟာ…
မနက်ဖြန်ထဲ ၀င်စားဖို့ဆုံးဖြတ်ချက်တွန့်ကြေ
ဆယ်ခါပြန်သေလို့ရမယ့်ဖော်မြူလာေ
စီးကရက်ရှိုက်ဖွာတိုင်းအထွေးလိုက
သစ္စာမင်းအိမ် ၊ ရတုသစ်
မှတ်ချက်။ ။လောကကြီးဆီမှဝါကျနှစ်ကြောင်း ငှားရမ်းသုံးစွဲထားသည် ။
No comments:
Post a Comment