တစ်ခန်းမရပ်ပြဇာတ်
ကားလိပ်ဖွင့်- လက်ညှိုးထောင် ကိုယ်ယောင်ပြလိုက်မယ် ငါဟဲ့.....ဖွတ်ကျား ဆိုပြီး ၀န်ကြီးတစ်ပါးထွက်လာစေ မင်းရေး ပြည်ထဲရေး တယ်ရှုပ်ပါလား ပြည်သူတွေခမျာမလည်း သနားစရာ အိမ်း.....မဖြစ်ချေဘူး ငါ သွားအိပ်ဦးမှပါလေ လို့ပြောပြီး အတွင်းထဲပြန်ဝင်သွားစေ ဗျို့ ရောင်းရင်း ဗျို့ ပေါင်ရင်း ဗျို့ မွဲရင်း ဗျို့ ငတ်ရင်း စုတ်ပြတ်သတ်နေတဲ့အ၀တ်အစားနဲ့ တကယ့်ပြည်သူနှစ်ယောက်ထွက်လာစေ ကျုပ်တို့ဘုရင်အကြောင်းကြားပြီး ကြားပေါ့ဗျာ ရှိန်းဆာယာပိုမောက်လို့ ကိုယ်ပျောက်သွားတဲ့အကြောင်းမလား အစစ်ပဗျာ အဲဒါ ရောင်းရင်းဘယ်လိုထင်တုန်း ဟ ကျုပ်တို့ဘုရင်က နှယ်နှယ်ရရမှမဟုတ်တာ အသတ်မျိုးစုံတတ်တယ် အစီအမံတွေကလည်းကောင်းမှကောင်း ကျုပ်တို့ရွှေနေပြည်တော်ကြီးကြည် ဥာဏ်ကလည်းများပါဘိသနဲ့ စားကောင်းဝါးကောင်းတွေမှီဝဲပြီး ရှိန်းဆာယာပိုမောက် ကိုယ်ပျောက်သွားတာဖြစ်မပေါ့ ကျုပ်တော့ တယ်မပြောတတ်လှပါဘူးလေ သြော်.....စားကောင်းဝါးကောင်းတေ ကျုပ်က ဥာဏ်မမီတော့ လူမြင်မခံရဲလို့ ကိုယ်ပျောက်သွားတယ်ပဲထင်နေတာ ရောင်းရင်းရ ကဲ.....ကဲ လာဗျာရောင်းရင်း မိသားစုပါးစပ်ပေါက်လေးတွေထဲ ထမင်းတစ်လုတ်သွင်းနိုင်ဖို့ နေမထောက်ခင် ကျုပ်တို့ လယ်ထွန်ဆင်းကြဦးစို့ရဲ့ ပြောပြီး အတွင်းထဲပြန်ဝင်သွားကြစေ။ ။ (ကားလိပ်မချသေးပါ။ ဆက်ပါဦးမည်) သစ္စာမင်းအိမ် |
No comments:
Post a Comment