Saturday, October 5, 2013

အရုဏ်ဦး

ကိုယ့်ကိုယ်ကို ကွေးလိုက်တာပါ

ဒါပေမယ့် မေ့လျော့ခြင်းတွေပဲ တဖြောင့်တည်း အသံတုန်လာကြတယ်


ခင်ဗျားကိုမေးရင်လည်း


ရာသီခွင်အရလို့ဖြေမှာပါပဲ


ယတြာမကြေနိုင်တဲ့ ကျွန်တော့်မှာသာ


အမည်းမှာ အမှောင်ပစ်လို့


ဒီနေ့ဟာ ဗုဒ္ဓဟူးပဲလို့


ဟိုပွဲဒီပွဲတွေ ရွှေ့ပစ်လိုက်ရတယ်။          ။

သစ္စာမင်းအိမ်

No comments:

Post a Comment