လျော်စရာရှိတိုင်းရိုက်ရိုက်နေတဲ့ခေတ်ပေါ့ကွာ
ကာလပေါ်တေးဆိုတော့လည်းကလပ်ရောက်လိုက်ဘာရောက်လိုက်နဲ့
ရုတ်ရုတ်ဆိုခါးကြားကဖုန်းထုတ်ပြီးသား
နာသွားမယ်ဘာမှတ်လဲ ဇ ရှိရင်ထွက်ခဲ့
အဲလို.....အဲလို
အမေကတော့ပြောတယ်
ည၁၀နာရီရောက်အောင်ပြန်လာပါသားရယ်တဲ့
ဘယ်ကဗျာဆရာကများအိမ်ပြန်ချိန်ကိုနှိုးစက်ပေးထားဖူးလို့လဲ
ရင်ဘတ်ကြီးရဲနေအောင်ဖွာတဲ့ဖွာတဲ့ ပြီးရင်
မီးတောက်အနမ်းတွေဂလုဂလုနဲ့မြိုချရဦးမယ်
ယဉ်ကျေးမှုကအမာရွတ်ကိုယ်စီနဲ့
ငယ်ငယ်ကအမှတ်လေးတွေပျောက်ကုန်တဲ့ ညလေ
လက်ဖ၀ါးထဲဖိဖိပြီးပွတ်ချေထားတဲ့ အရိုင်းစိတ်လေး
လူဝတ်လဲပြီးမှားနှုတ်ဆက်မိတော့
အမေ့အိပ်ယာဝင်ပုံပြင်တွေပင့်ထက် မှည့်ကုန်ရော
ဆုံကြဦးမှာပါ
၆ပေx၃ပေဆိုတော့
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါအမေရယ် ။ ။
သစ္စာမင်းအိမ်
၉၊၄၊၂၀၁၃
ကာလပေါ်တေးဆိုတော့လည်းကလပ်ရောက်လ
ရုတ်ရုတ်ဆိုခါးကြားကဖုန်းထုတ်ပြ
နာသွားမယ်ဘာမှတ်လဲ ဇ ရှိရင်ထွက်ခဲ့
အဲလို.....အဲလို
အမေကတော့ပြောတယ်
ည၁၀နာရီရောက်အောင်ပြန်လာပါသားရယ
ဘယ်ကဗျာဆရာကများအိမ်ပြန်ချိန်ကိ
ရင်ဘတ်ကြီးရဲနေအောင်ဖွာတဲ့ဖွာတဲ
မီးတောက်အနမ်းတွေဂလုဂလုနဲ့မြိုခ
ယဉ်ကျေးမှုကအမာရွတ်ကိုယ်စီနဲ့
ငယ်ငယ်ကအမှတ်လေးတွေပျောက်ကုန်တဲ
လက်ဖ၀ါးထဲဖိဖိပြီးပွတ်ချေထားတဲ့
လူဝတ်လဲပြီးမှားနှုတ်ဆက်မိတော့
အမေ့အိပ်ယာဝင်ပုံပြင်တွေပင့်ထက်
ဆုံကြဦးမှာပါ
၆ပေx၃ပေဆိုတော့
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါအမေရယ်
သစ္စာမင်းအိမ်
၉၊၄၊၂၀၁၃
No comments:
Post a Comment